pakistan christian
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါကစ္စတန်က ခရစ်ယာန်တွေ ထိုင်းမှာ ထိန်းသိမ်းခံနေရ

  • 26 ဖေဖော်ဝါရီ 2016

ပါကစ္စတန်နိုင်ငံမှာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအန္တရယ်တွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာကြရတဲ့ ခရစ်ယာန်ဘာသာဝင်အရေအတွက်ဟာ တဖြည်းဖြည်း များလာပါတယ်။ ဒါပေမယ့် အဲဒီမှာ သူတို့ကို နိုင်ငံရေး ခိုလှုံခွင့်မပေးတာကြောင့် ကလေးတွေ အပါအဝင် အများစုဟာ ထိန်းသိမ်းခံထားရပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ ထိန်းသိမ်းရေးစခန်းကို ဘီဘီစီက လျှို့ဝှက်သွားရောက်သတင်းယူခဲ့ပါတယ်။ အဲဒီကအခြေအနေကို ကိုအောင်သွင် က ပြောပြထားပါတယ်။