migrants
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂရိရောက် ဒုက္ခသည်တွေရဲ့ အနာဂတ် ဘာတွေ ဖြစ်လာမလဲ

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမှာ အကြီးဆုံး ဒုက္ခသည် ပြဿနာတွေကို ဖြေရှင်းနိုင်ရေး အတွက် အီးယူ ၂၈ နိုင်ငံက ခေါင်းဆောင်တွေ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

သူတို့ အဓိက ဆွေးနွေးကြမယ့် အထဲမှာ တူရကီနဲ့ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

တူရကီ ကို ဒီဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေးမှာကူညီပေးဖို့ ဒေါ်လာ သန်းထောင်နဲ့ချီ ထောက်ပံ့သွားမယ်လို့ကတိစကားတွေ ပြောထားပြီးဖြစ်ပါတယ်။

တူရကီလိုပဲ ဒုက္ခသည်တွေ အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဂရိက လက်စ်ဘော့စ်ကျွန်းမှာရှိနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့အနာဂတ်ကတော့ မရေမရာ ဖြစ်လာနေပါတယ်။ ဦးဘမော်က ပြောပြမှာပါ။