သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - သမ္မတလောင်းရွေးချယ်မှု ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်စုရဲ့ အခုလို သမ္မတလောင်း ရွေးချယ်မှု အပေါ် အများပြည်သူ တွေ အနေနဲ့ ကျေနပ် လက်ခံ ကြပါသလား။

ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကနေ ဒုတိယ သမ္မတ လောင်း နှစ်ဦး အဖြစ် သူ့ ရဲ့ အနီးကပ် ယုံကြည်ရသူ ဦးထင်ကျော်နဲ့ နောက်တဦး ကိုတော့ ချင်း အမျိုးသား ဟင်နရီ ဗန်ထီးယူ တို့ကို ရွေးချယ် လိုက်ပါပြီ။

ဒီနှစ်ဦးထဲ ကနေ တဦးက နိုင်ငံတော် သမ္မတ တဦး ဖြစ်လာဖို့ရှိနေပြီး နိုင်ငံတော်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို သမ္မတလောင်း ရွေးချယ်မှု အပေါ် အများပြည်သူ တွေ အနေနဲ့ ကျေနပ် လက်ခံ ကြပါသလား။

မတ်လ ၁၂ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီ အစဉ်မှာ ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေး လိုသူတွေ အနေနဲ့ ဘီဘီစီ မြန်မာပိုင်း ဖေ့စ်ဘွတ် စာမျက်နှာရဲ့ Message Inbox မှာ မိမိနာမည်၊ ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်၊ ခေါ်ဆို တဲ့ နိုင်ငံ နဲ့ ဆွေးနွေး မယ့် အချက် အကျဉ်းချုပ် တို့ကို ပေးပို့ ဆက် သွယ် နိုင်ပါတယ်။

အီးမေးလ်ကနေ ဆက်သွယ်ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစောက ပြောခဲ့တဲ့ အချက်အလက် တွေ ပေးပို့ခဲ့ရင် ဘီဘီစီ ကနေ ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်။