u htin kyaw and dassk
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုတိယ သမ္မတလောင်း အမည်စာရင်း ထွက်လာပြီ

ဒုတိယသမ္မတလောင်း အမည်စာရင်းကို ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ဒုတိယမဲအများဆုံးရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့က အသီးသီးတင်သွင်းခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များအစု အဖွဲ့က ဒုသမ္မတလောင်းတွေအဖြစ် NLD ပါတီက ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်းတို့ကိုရွေးချယ်လိုက်ပြီး၊ အမျိုးသား လွှတ်တော်ရဲ့ ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့မှာတော့ NLD ဘက်က ဦးဟင်နရီဗန်ထီးယူ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးခင်အောင်မြင့်တို့ကို ရွေးချယ်တင်သွင်းလိုက်ပါတယ်။

နေပြည်တော်မှာကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ဘီဘီစီမြန်မာပိုင်းက ဦးကိုကိုအောင်က ပြောပြထားပါတယ်။