myanmar presidents
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုသမ္မတရွေးပွဲမှာ NLDပါတီရဲ့ အောင်မြင်မှု ခြေလှမ်းတရပ်

  • 11 မတ် 2016

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဒုတိယသမ္မတတွေကို မဲပေးရွေးချယ်ခဲ့ရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့အချုပ် အန်အယ်လ်ဒီပါတီက ဒုသမ္မတလောင်းတွေ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပါတယ်။

တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ကလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယ သမ္မတ အဖြစ်ရွေးချယ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အန်အယ်လ်ဒီဘက်က ဒုသမ္မတ ဦးထင်ကျော်ဟာ သမ္မတအဖြစ်အရွေးခံရဖို့ သေချာသလောက်ရှိနေပြီလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း နေပြည်တော်မှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဦးကိုကိုအောင်က သတင်းပေးပိုထားပါတယ်။