သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - သမ္မတလောင်းရွေးချယ်မှု နားဆင်ပါ

Image caption ဦးထင်ကျော်နဲ့ ချင်း အမျိုးသား ဟင်နရီ ဗန်ထီးယူ တို့ကို ဒုသမ္မတ လောင်းအဖြစ် ရွေးချယ်

နားဆင်နိုင်ပါပြီ။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကနေ ဒုတိယ သမ္မတ လောင်း နှစ်ဦး အဖြစ်၊ သူ့ ရဲ့ အနီးကပ် ယုံကြည်ရသူ ဦးထင်ကျော်နဲ့ နောက်တဦး ကိုတော့ ချင်း အမျိုးသား ဟင်နရီ ဗန်ထီးယူ တို့ကို ရွေးချယ် လိုက်ပါပြီ။

ဒီနှစ်ဦးထဲ ကနေ တဦးက နိုင်ငံတော် သမ္မတ တဦး ဖြစ်လာဖို့ ရှိနေပြီး နိုင်ငံတော်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို သမ္မတ လောင်း ရွေးချယ်မှု အပေါ် အများပြည်သူ တွေ အနေနဲ့ ကျေနပ် လက်ခံ ကြပါသလား ဆိုတာ ဆွေးနွေး ခဲ့ကြ တာပါ။

သောတရှင် တို့နဲ့ အတူ ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်၊ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေ တို့ ဆွေးနွေး ပေးခဲ့ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။