turkey
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အန်ကာရာမှာ ကားဗုံးခွဲ တိုက်ခိုက်ခံရလို့ ၃၇ ဦးသေဆုံး

  • 14 မတ် 2016

တူရကီနိုင်ငံက အန်ကာရာ မြို့တော်မှာ လူ ၃၇ ဦးသေဆုံးခဲ့ရတဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကာ့ဒ် လက်နက်ကိုင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ တူရကီက စွပ်စွဲလိုက်ပါတယ်။

အဲဒီ ဗုံးသမားတွေထဲက အမျိုးသမီး တဦးဟာ ကာ့ဒ်အလုပ်သမားပါတီ ပီကေကေရဲ့အဖွဲ့ဝင် ဖြစ်တယ်လို့ လုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေရဲ့ စျာပနကိုတော့ တနင်္လာနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ တူရကီ အစိုးရ ဘက်ကဒါအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အီရတ်မြောက်ပိုင်းက ကာ့ဒ်ပစ်မှတ်တွေကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။

တူရကီတောင်ပိုင်းက အတ်ဒါနာ မြို့မှာတော့ စစ်သွေးကြွလို့ ယူဆရသူ ဒါဇင်နဲ့ချီပြီး ရဲတွေက ဖမ်းဆီး ထားပါတယ်။

တဘက်မှာလည်း နိုင်ငံလုံခြုံရေးအတွက် အစိုးရရဲ့ တာဝန်ယူမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ မမေစန္ဒီက ပြောပြမှာပါ။