သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ပီပြင်တဲ့ အရပ်သားအစိုးရ ဖြစ်မလား ဆွေးနွေးမယ်

  • 17 မတ် 2016
Image caption ဘယ်လောက် အထိ ပီပြင်တဲ့ အရပ်သား အစိုးရ ဖြစ်လာနိုင်မှာပါလဲ

ဆွေးနွေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သား သမ္မတ ကို ရွေးချယ် တင်မြှောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သမ္မတကနေ မကြာခင် အရပ်သား အစိုးရသစ် ကို ဖွဲ့စည်း ပါတော့မယ်။

ဒီအရပ်သား အစိုးရဟာ ဘယ်လောက် အထိ ပီပြင်တဲ့ အရပ်သား အစိုးရ ဖြစ်လာနိုင်မှာပါလဲ။

ဘီဘီစီ ပရိသတ်တွေရဲ့ အတွေး အမြင်တွေကို မတ်လ ၁၉ ရက် စနေနေ့ည လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ် လိုက်ရ ပါတယ်။

ပါဝင် ဆွေးနွေး လိုသူတွေ အနေနဲ့ ဘီဘီစီ ဖေ့စ်ဘွတ် စာမျက်နှာရဲ့ Message Inbox မှာ မိမိနာမည်၊ ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်၊ ခေါ်ဆို တဲ့ နိုင်ငံ နဲ့ ဆွေးနွေးလိုတဲ့ အချက် အကျဉ်းချုပ် တို့ကို ပေးပို့ ဆက် သွယ် နိုင်ပါတယ်။

အီးမေးလ်ကနေ ဆက်သွယ် ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစောက ပြောခဲ့တဲ့ အချက်အလက်တွေ ပေးပို့ခဲ့ရင် ဘီဘီစီကနေ ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်။