သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ပီပြင်တဲ့အရပ်သားအစိုးရလား နားဆင်ပါ

Image caption ဒီမိုကရေစီ ဘက်မှာ ၅၉ စ ပြစ်ဒဏ် နဲ့ အဓိက တိုက်စစ်မှူး မပါ

နားဆင်နိုင်ပါပြီ။

ဒီမိုကရေစီ ဘောလုံး အသင်းနဲ့ စစ်တပ် ဘောလုံး အသင်းတို့ ၂၀၀၈ ဖွဲ့စည်းပုံ ကွင်းမှာ ကန်မယ့်ပွဲ...... ဒီမိုကရေစီ ဘက်မှာ ၅၉ စ ပြစ်ဒဏ် နဲ့ အဓိက တိုက်စစ်မှူး မပါ သလို....စစ်တပ်ဘက် မှာက စစ်ဗိုလ်ချုပ် တဦးကို အထောင် ထားပြီး ကစားမယ်...စတဲ့ ဥပမာ တွေနဲ့ ပုံဖေါ် ဆွေးနွေး ထားတဲ့....

အခု တက်လာမယ့် အစိုးရဟာ ပီပြင်တဲ့ အရပ်သား အစိုးရ ဖြစ်လာ မလား ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ထားပါတယ်။

ပင်တိုင် ဆွေးနွေး ပေးခဲ့သူတွေ ကတော့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်း၊ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့က အမှုဆောင် ဒါရိုက်တာ ကိုရဲ တို့ ဖြစ်ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။