brussels
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘရပ်ဆဲလ် တိုက်ခိုက်မှု နဲ့ပတ်သက်လို့ သံသယရှိသူတွေကို လိုက်လံရှာဖွေ

  • 23 မတ် 2016

ဘယ်လ်ဂျီယံနိုင်ငံက ဘရပ်ဆဲလ်မြို့တော် မှာ မနေ့က တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေ အတွက် အောက်မေ့ဖွယ် ဆုတောင်းပွဲတွေကို ကျင်းပနေကြပါတယ်။

နိုင်ငံတလွှားမှာလည်း အလံတွေကို တိုင်ဝက်လွှင့်ထူထားကြပါတယ်။

ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတဲ့ ရထားဘူတာ အနီးက ဥရောပ ကော်မရှင် ရုံးမှာလည်း တမိနစ် ငြိမ်သက်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကို လိုက်လံရှာဖွေနေပြီး မြို့တော်တဝန်းမှာလည်း လုံခြုံရေးတွေကို တိုးမြှင့်ထားပါတယ်။

ကိုရင်မောင်က ပြောပြမှာပါ။