iraq_chemical_attack
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ်မှာ အိုင်အက်စ်တွေ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့

  • 25 မတ် 2016

အိုင်အက်စ်အဖွဲ့တွေဟာ အီရတ်နိုင်ငံမြောက်ပိုင်းက ရွာတရွာမှာ ကလိုရင်းနဲ့ မက်စတတ် အဆိပ်ငွေ့တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ လူ ၃ဦးသေဆုံးခဲ့ပြီး ၃၅ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဒီလိုမျိုးတိုက်ခိုက်မှုဟာ ဒါပထမဆုံးဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီက အခြေအနေကို မရီရီအောင်က ပြောပြထားပါတယ်။ ဒီအစီအစဉ်မှာ စိတ်အနှောက်အယှက်ဖြစ်နိုင်စရာ ပုံရိပ်တွေပါတဲ့အကြောင်း ကြိုတင်သတိပေးအပ်ပါတယ်။