pakistan
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါကစ္စတန်မှာ ကလေး ကစားကွင်းအနီး ဗုံးခွဲတိုက်ခိုက်ခံရလို့ လူ ၇၁ ဦးသေဆုံး

  • 28 မတ် 2016

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ လူ ၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ တချို့ကို ဖမ်းဆီး ထားပြီဖြစ်တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တာက မိသားစုတွေ လာရောက် အပန်းဖြေကြတဲ့ ပန်းခြံတခုထဲက ကလေး ကစားကွင်းတခု အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ ကလေး တွေလည်း သေကြေ ဒဏ်ရာရခဲ့ကြပါတယ်။

ပါကစ္စတန် တာလီဘန်ကတော့ သူတို့ လက်ချက်ဖြစ်တယ်လို့ ပြောပြီး ပါကစ္စတန် ခရစ်ယာန်တွေကို ပစ်မှတ် ထားခဲ့တာလို့ ဆိုပါတယ်။ ကိုမိုးမြင့် က ပြောပြမှာပါ။