yemen
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်မှာ ငတ်မွတ်မှုတွေ ဖြစ်လာနိုင်လို့ ကုလသတိပေး

  • 1 ဧပြီ 2016

ဆော်ဒီအာရေဗျရဲ့ ဗုံးဒဏ် တနှစ်ခံခဲ့ရပြီး ဖြစ်တဲ့ အရှေ့အလယ်ပိုင်းရဲ့ အနွမ်းပါးဆုံး နိုင်ငံ ယီမင်မှာ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့လူ ၂၁ သန်းကျော် ငတ်မွတ်မှု တွေနဲ့ ရင်ဆိုင်ရမယ့် အလားအလာတွေ ရှိနေပြီး ကလေးသူငယ်တွေ အဆိုးဆုံး ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အဲဒီကို ရောက်သွားခဲ့တဲ့ ဘီဘီစီသတင်းထောက် အိုလာဂါရင်ရဲ့သတင်းကို ကိုအောင်သွင်က ပြန်ပြောပြမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပုံရိပ်တွေ ပါလာနိုင်ပါတယ်လို့ ကြိုအသိပေးထားပါရစေ။