ko_bokyi_aapp
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကြိုးပမ်းမှု AAPPကြိုဆို

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး အတွက် ပြည်သူက ရွေးကောက်လိုက်တဲ့ အစိုးရ အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုလိုလုပ်ရပ်နဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကြိုဆိုကြောင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကပြောပါတယ်။