သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 23 ဧပြီ 2016
ဓာတ်ပုံ မူပိုင် U Tun Lwins FB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အပူချိန်စံချိန်တင်မြင့်မားနေခဲ့ တချို့နေရာတွေမှာ ရေရှားပါးမှုတွေလည်းဖြစ်ပေါ်နေခဲ့ပါတယ်။ အခုလောလောဆယ်မှာ နေရာတချို့မှာ လေပြင်းမုန်တိုင်းကျတာ မိုးသီးကြွေတာတွေဖြစ်နေပါတယ်။ အလွန်ပူပြင်းတာမျိုး လွန်ကဲတဲ့ ရာသီဥတုဒဏ်ကို လူတွေ ဘယ်လောက် ဆိုးဆိုးရွားရွားခံနေရပါသလဲ။ ဒီလိုလွန်ကဲတဲ့ ရာသီဥတုဒဏ်ကို ဘယ်လိုကာကွယ်နိုင်မလဲ ဘယ်လို သက်သာအောင် လုပ်နိုင်မလဲ။ ဧပြီလ ၂၃ ရက် သောတရှင်တွေ ဆွေးနွေးကြရာမှာ သောတရှင်တွေနဲ့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း စီမံချက်မန်နေဂျာ ဦးဇော်ထူးဦး နဲ့ အမြဲစိမ်းလန်းသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့ရဲ့ ဥက္ကဌ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာရှင်ဒေါ်စိန်စိန်သိန်းတို့ပါ၀င်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။