chernobyl
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချာနိုဘိုင်းလ် ပေါက်ကွဲမှု နှစ် ၃၀ ပြည့်ပြီ

  • 26 ဧပြီ 2016

ဥရောပတိုက်ဆီကို ရေဒီယို သတ္တိကြွ ဓာတ်ငွေ့ တိမ်တိုက်တွေ ပျံ့နှံ့ လာစေခဲ့တဲ့ အထိ ဖြစ်ပွားခဲ့တဲ့ ယူကရိန်း မြောက်ပိုင်းက ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာ နှစ်ပေါင်း ၃၀ ရှိပါပြီ။

အဲဒီတုန်းက ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းမှာ လူပေါင်း ၃၁ ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီ အနီးတဝိုက် ဒေသတွေမှာလည်း ရေဒီယို သတ္တိကြွမှုတွေ ရှိနေလို့ ပိတ်ပင်ထားပါတယ်။

ဒီနေ့ကိယဗ်မြို့တော်မှာ ကျင်းပခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းနားမှာလည်း သမ္မတ ပက်ထရို ရှန်ကို ကိုယ်တိုင် တက်ရောက်ပြီး လွမ်းသူ့ ပန်းခွေ ချခဲ့သလို ယူကရိန်းပြည်သူတွေလည်း အများအပြား တက်ရောက်ခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တဲ့ ၁၉၈၆ က အဲဒီမှာ အင်ဂျင်နီယာတဦးဖြစ်တဲ့ ယူရီ အောန်ဒရေယဗ်ရဲ့ ပြောပြချက်တွေကို ရှုစားရအောင်ပါ။