ivory
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆင်စွယ်ဝယ်လိုအား ဘယ်မှာများ

  • 29 ဧပြီ 2016

ဆင်စွယ် မှောင်ခို ရောင်းဝယ်မှုတွေ ရှိနေသေးသမျှ ဆင်တွေမှာ လုံခြုံမှု ရှိနိုင်မှာမဟုတ်ပါဘူး။

အဲဒါကြောင့် ကင်ညာနိုင်ငံမှာ ဆင်စွယ် ရောင်းဝယ်မှု တားဆီးဖို့ ထိပ်သီးဆွေးနွေးပွဲ တခုကိုကျင်းပနေပါတယ်။

ကင်ညာ သမ္မတ အူဟူရူ ကင်ညာတာက အာဖရိက ခေါင်းဆောင်တွေကို ဆင်တွေမျိုးသုဉ်း ပျောက်ကွယ်မသွားဖို့ နည်းလမ်းတွေရှာပြီး ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဖရိကတိုက်မှာ နှစ်စဉ် ဆင်ကောင်ရေ ၃ သောင်းလောက်အစွယ်အတွက် သတ်ဖြတ်ခံနေရပါတယ် ။

ဒီအစွယ်တွေကို ဘယ်လို သူတွေကဝယ်ယူနေကြပါသလဲ။ ကို မင်းထက်က ပြောပြမှာပါ။