သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - နည်းပညာ တခေတ်ပြောင်းမယ့် ဂရပ်ဖီန်း

ဓာတ်ပုံ မူပိုင် graphene
Image caption ကာဘွန် ဒြပ်စင်ရဲ့ တခုတည်းသော အက်တန် တခု အရွယ် အပါး လွှာဆုံး အလွှာ ဖြစ်တယ်

နည်းပညာ အပြောင်း အလဲကြီး တခု ထပ်မံ ပေါ်ပေါက် စေလာမယ့် ဒြပ်ပစ္စည်း တခု အကြောင်း ဒီတပတ် တင်ဆက်ပေးမှာပါ ဖြစ်ပါတယ်။

စာရွက် ပေါ်မှာ ရေးတဲ့ ခဲသား တွေကို သုတေသန လုပ်ရင်း ကမ္ဘာ့ကြီး ကို ပြောင်းလဲ လာမယ့် နည်းပညာ တခု ပေါ်ထွန်းလာနေပါပြီ။ ဒီအတွက် ရူပဗေဒ ဆိုင်ရာ နိုဘဲလ် ဆုကြီး ကိုပါ ဆွတ်ခူးတဲ့ အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကတော့ ဂရပ်ဖီန်း (Graphene) ဆိုတာပဲ ဖြစ်ပါတယ်။ နားဆင်နိုင်ပါပြီ။

ကရပ်ဖီန်း ဆိုတာ ကတော့ ကာဘွန် ဒြပ်စင်ရဲ့ တခုတည်းသော အက်တန် တခု အရွယ် အပါး လွှာဆုံး အလွှာ ဖြစ်ပါတယ်။ ပုံစံ ကတော့ ပျားအုံကွက် လို အကွက် ကလေး တွေပါ။

အီလက်ထရွန်တွေဟာ ဂရပ်ဖီန်းကို ဖြတ်ပြီး အတား အဆီး မရှိ အမြန်ကို ရွေ့လျား နိုင်ပါတယ်။ ကွန်ပျူတာ ပရို ဆက်ဆာမှာ သုံးနေတဲ့ ဆီလီကွန် ထက်ဆာရင် အဆ ပေါင်း သိန်းနဲ့ ချီ အလျင် အမြန်စွာ သွားနိုင်ပါတယ်။

အက်တန် တလုံး အရွယ်သာ ရှိတဲ့ လျှပ်ကူး ပစ္စည်း ဖြစ်တဲ့ အတွက် တဖက်ကို ဖေါက်ပြီး မြင်ရ နိုင်မယ့် အကြည်ရောင် လျှပ်ကူး ပစ္စည်း အဖြစ်လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။

အင်မတန် ပါးလွှား တဲ့ နေရာမှာ စာရွက် တစ်ရွက်ရဲ့ တသန်းပုံ တပုံသာ ရှိပါတယ်။ ဒါပမေယ့် ခိုင်ခံ့တဲ့ နေရာ မှာတော့ စိန်ထက် မာပြီး သံမဏိ ထက် အဆ ၂၀၇ ဆ ပိုမာ ပါတယ်။