queen_with_umbrella_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်အရာရှိတွေ ရိုင်းတယ်လို့ ဗြိတိသျှ ဘုရင်မကြီးပြော

  • 11 မေ 2016

ဗြိတိသျှ ဘုရင်မကြီးက ပြီးခဲ့တဲ့နှစ် တရုတ်သမ္မတ ရှီကျင်ပင်း ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း လိုက်ပါလာကြတဲ့ တရုတ် အရာရှိတွေဟာ အလွန်ရိုင်းတယ်လို့ မှတ်ချက်ပြု ပြောကြားချက်ကို ဘေကျင်းက တုန့်ပြန်လိုက်ပါတယ်။

ဒီသတင်းကို တရုတ်နိုင်ငံပိုင် ရုပ်မြင်မှာ မပြသသလို ဘီဘီစီ ကမ္ဘာတလွှား ရုပ်မြင်သတင်းက ထုတ်လွှင့်တဲ့အချိန်မှာလည်း အရုပ်တွေပျောက်သွားခဲ့ပါတယ်။

အစောပိုင်းတုန်းကလည်း လန်ဒန်မြို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ညီလာခံ ကျင်းပဖို့ စီစဉ်နေစဉ်အတွင်းမှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက နိုင်ဂျီးရီးယား နဲ့ အာဖဂန်နစ္စတန် တို့မှာ မယုံနိုင် လောက်အောင် ချစားမှုတွေရှိနေတယ်လို့ပြောခဲ့တဲ့ ဗီဒီယို ပေါ်ထွက်လာခဲ့ပါသေးတယ်။ ဦးဘမော်က ဆက်ပြောပြမှာပါ။