eurovision
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူရိုဗစ်ရှင်း အဆိုပြိုင်ပွဲ အပေါ် ဝေဖန်မှုတွေရှိ

ဒီနှစ်ကျင်းပသွားတဲ့ ယူရိုဗစ်ရှင်း သီချင်းဆို ပြိုင်ပွဲဟာ အငြင်းပွားစရာတွေနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဥရောပ တတိုက်လုံးနဲ့ဩစတေးလျတို့က နိုင်ငံ အလိုက် ဝင်ပြိုင်ကြတာ ဖြစ်ပြီး ယူကရိန်းက အနိုင်ရသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲရဲ့ ဆုရ သီချင်းနာမည်က ၁၉၄၄ ဖြစ်ပြီး အဲဒီတုန်းက ခရိုင်းမီးယား ကျွန်းစွယ်တွင်းမှာ နေထိုင်တဲ့ တာတာလူမျိုးတွေကို စတာလင်က မောင်းထုတ်ခဲ့တဲ့ အကြောင်းကို စပ်ဆိုထားတာပါ။ မော်စကိုကလည်းခရိုင်းမီးယားကို ပြီးခဲ့တဲ့ ၂ နှစ်က ယူကရိန်းလက်ကနေ ရယူထားခဲ့တာဖြစ်ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။