သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုက္ခသည် ပြဿနာကို လက်မရှောင်ကြဖို့ ကုလသတိပေး

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ရွှေ့ပြောင်းသူတွေ အရေးဟာ ကမ္ဘာ့ပြဿနာကြီးဖြစ်ပြီး မသိကျိုးကျွံပြုနေလို့ မရကြောင်းပြောလိုက်ပါတယ်။ ဒီ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအပေါ်မှာ တခြားတိုင်းပြည်တွေကလည်း ဝိုင်းဝန်းကူညီကြဖို့ လိုကြောင်းပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် မစ္စ အန်ဂျလီနာ ဂျိုပစ်တ်က ဘီဘီစီမှာ ပြောကြားခဲ့ရာမှာ ဒုက္ခသည်တွေအပေါ် နိုင်ငံတကာရဲ့ လူမှုရေး အကူအညီပေးမှုတွေ အားနည်းလာတဲ့ အတွက် နိုင်ငံစုံပေါင်းလို့ ဖြေရှင်းကြဖို့ လိုနေပြီလို့ ဆိုပါတယ်။

တခါ ဥရောပဘက်ကို ပြေးလာကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ရောက်လာနေကြဆဲဖြစ်သလို

အဲဒီထဲက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် လူမှုကူညီရေး အင်ဂျင်စီတွေက အထူးစိုးရိမ်နေကြပါတယ်။ အကြောင်းစုံကို သက်ထွေးနိုင်ကပြောပြမှာပါ။