angelina_jolie_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

UNHCR ရဲ့ အထူးသံတမန် ရုပ်ရှင်မင်းသမီး Angelina Jolie Pitt နဲ့ ဘီဘီစီ သီးသန့်တွေ့ဆုံမေးမြန်းခန်း

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR ရဲ့ အထူးသံတမန် ရုပ်ရှင်မင်းသမီး Angelina Jolie Pittက မြန်မာနိုင်ငံမှာ တကယ့်တိုးတက်ပြောင်းလဲမှုတွေ ကိုမြင်ရဖို့အတွက်အချိန်ယူရလိမ့်မယ်လို့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောခဲ့ပါတယ်။ သူကမြန်မာနိုင်ငံက အမျိုးသမီးနဲ့ကလေးသူငယ်အခွင့် အရေးအပါအဝင် လူ့အခွင့်အရေးတွေတိုးတက်လာဖို့ဆောင်ရွက်ပေးချင်တယ်လို့ဆိုခဲ့ပြီးမကြာခင်လတွေအတွင်း လာရောက်မယ်လို့လည်းဆိုပါတယ်။ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ဌာနမှူး ဒေါ်တင်ထားဆွေက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။