Myanmar Peace Talks
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 19 မေ 2016

၂၁ရာစုပင်လုံညီလာခံအမြန်ကျင်းပနိုင်ဖို့ လက်ရှိအစိုးရက ကော်မတီတွေဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆွေးနွေး အဖြေရှာကြရင်လည်းကိုယ်တောင်း ဆိုမယ့်ဟာကိုရှေ့တန်းမတင်ပဲ ကိုယ်ကဘာပေးနိုင်မလဲဆိုတာကိုအ ခြေခံဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကအမှာစကား ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသား တွေဘက်ကတော့ ပင်လုံစိတ်ဓါတ်ပင်လုံ ကတိကဝတ်တွေကိုမထိန်းသိမ်းနိုင်လို့ အခုတိုင်ငြိမ်းချမ်းရေးနဲ့ ကင်းဝေးနေတာလို့ပြောပါတယ်။ ဒီတော့ လာမယ်၂၁ရာစု့ညီလာခံကနေ ဘာတွေရမှ ငြိမ်းချမ်းရေး ရေရှည်တည်တံ့မလဲ ဘယ်အချက်တွေက တိုင်းရင်းစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သလဲ စတဲ့အကြောင်းတွေပြောကြဆိုကြမှာပါ။ ဖယ်ခုံမြို့နယ် ကယန်းပါတီအမတ်ဟောင်း ခွန်မာကိုဘန်းနဲ့ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငုံကျုံးလျံတို့ပါဝင်ဆွေးနွေးထားပါတယ်။