egypt air
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီဂျစ်လေကြောင်းပျက်ကျမှု အကြမ်းဖက်မှုဖြစ်နိုင်

  • 19 မေ 2016

လူ ၆၆ယောက်လိုက်ပါလာတဲ့ အီလေကြောင်းလိုင်းဟာ ရေဒါပေါ်ကနေ ရုတ်ပျောက်သွားပြီးနောက် မြေထဲပင်လယ်ထဲမှာ ပျက်ကျသွားခဲ့ပါတယ်။ A320 လေယာဉ်ဟာ ပဲရစ်မြို့ကနေ ကိုင်ရိုမြို့အသွားမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သူ့ကို နောက်ဆုံး ဂရိကျွန်းပေါ်မှာ အဆက်အသွယ်ရခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ လေထဲမှာ ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီးနောက်ပျောက်ဆုံးခဲ့တယ်လို့ ဂရိကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကတော့ အဲဒီကို သွားရောက်နေကြပါပြီ။ လေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်တယ်လို့ အီဂျစ်လေကြောင်းပိုဆောင်ရေးဝန်ကြီးက ပြောပါတယ်။ ကိုမင်းထက်က ပြောပြထားပါတယ်။