leicester
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လက်စတာ စီးတီး ရွှေတိဂုံ ဘုရားဖူး

အင်္ဂလိပ် ပရီးမီးယားလိဂ်ရဲ့ ၂၀၁၅-၁၆ ရာသီချန်ပီယံ အသင်း ဖြစ်တဲ့ လက်စတာ စီးတီး အသင်း ကို ပိုင်တာကတော့ ထိုင်းဘီလျံနာ သူဌေး ဗီချိုင်း ဆရီ ဘတ်ဟနာပရာဘ်ဟာ ပါ။ အဲဒါကြောင့်လည်း ရာသီကုန် အောင်ပွဲခံခရီးအဖြစ် ထိုင်းနိုင်ငံကို လက်စတာ အသင်း လာရောက်ခဲ့ကြပါတယ်။ မနေ့ကတော့ထိုင်းကနေတဆင့်လက်စတာအသင်းဟာရန်ကုန်မြို့ကို ထိုင်းရဟန်းတော် တွေနဲ့အတူ ရောက်လာပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီးကို လာရောက် ဖူးမျှော် ခဲ့ကြပါတယ်။အဲဒီအကြောင်းရန်ကုန်က ဘီဘီစီ သတင်းထောက် မစိုးစိုးထွန်းက အခုလို သတင်းပေးပို့ထားပါတယ်။