_turkey_cizre
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီက ဂျီဇရာမြို့မှာ အရပ်သားတွေ သေဆုံးမှုကို ကုလစုံစမ်းမယ်

  • 24 မေ 2016

တူရကီ အရှေ့တောင်ပိုင်းမှာကာ့ဒ်လက်နက်ကိုင် အဖွဲ့တွေနဲ့တိုက်ခိုက်နေတဲ့ တူရကီ လုံခြုံရေးတပ်တွေရဲ့လက်ချက်နဲ့ အရပ်သား ပြည်သူတွေသေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ ဂျီးဇရာ မြို့မှာ အရပ်သား ၁၆၀ လောက်သေဆုံးခဲ့ရပါတယ်။ တူရကီနိုင်ငံခြားရေးဌာနကတော့ ဒါနဲ့ပတ်သက်လို့ ငြင်းဆိုထားပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။