swiss_tunnel_pic_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆွဇ်ဇာလန်မှာ ကမ္ဘာ့အရှည်ဆုံးနဲ့ အနက်ဆုံး လှိုဏ်ခေါင်း ဖွင့်လှစ်

  • 1 ဇွန် 2016

ဆွဇ်ဇာလန်နိုင်ငံမှာ နှစ်ပေါင်း ၂၀ လောက် ကြာအောင်ဖောက်လုပ် တည်ဆောက်ခဲ့ရတဲ့ ကမ္ဘာ့အရှည်ဆုံး နဲ့အနက်ဆုံး လှိုဏ်ခေါင်းကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အဲ့လ်ပ်စ် တောင်တန်းကြီးတွေကို ထွင်းဖောက် တည်ဆောက်ထားတဲ့ ဂေါ့တ်ဟာ့တ် လှိုဏ်ခေါင်းဟာ အရှည်အားဖြင့် ၅၇ ကီလိုမီတာ ၃၅ မိုင်လောက်ရှည်ပါတယ်။

ဥရောပ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို မြန်နှုန်းမြင့် ရထားလမ်းတွေနဲ့ ချိတ်ဆက် ပေးထားပါတယ်။ ဒါကြောင့် အနာဂတ် လမ်းပန်း ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေး တွေမှာ ပိုပြီး အဆင်ပြေ ချောမွေ့ လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

မမေစန္ဒီက ပြောပြမှာပါ။