သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 15 ဇွန် 2016

မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်နေကြတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို အိမ်ထောင်စု စာရင်းထုတ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို မွန် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြပါတယ်။

အလားတူ တနိုင်ငံလုံးက ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စု စာရင်းထုတ်ပေးရေးဆိုတဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အားဉီးစီးဌာနရဲ့ ရက်၁၀၀ စီမံချက်ကိုလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။

ဒီတော့ တိုင်းပြည်အတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ဖို့ ဘယ်လောက် လိုအပ်သလဲ၊ ဒေသခံတွေကရော ဘာလို့လက်မခံနိုင်တာလဲ။ ဒီအကြောင်း မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်ကျော်သူ The Ladies ဂျာနယ်မှ အယ်ဒီတာ စိုင်းထွန်းအောင်လွင် SNLD ပါတီ တွဲဘက် အတွင်းရေးမှူးဉီး စိုင်းလိတ် တို့ပါဝင် ဆွေးနွေးထားပါတယ်။