south_china_boat
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်တံငါသည်တွေကို အင်ဒို ပစ်ခတ်လို့ တရုတ်စွပ်စွဲ

  • 20 ဇွန် 2016

အင်ဒိုနီးရှားနဲ့ တရုတ်တို့အကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ် ရေပြင်ထဲမှာ တရုတ် ငါးဖမ်းသမားတွေကို အင်ဒိုနီးရှားက ပစ်ခတ်ခဲ့လို့ တဦးဒဏ်ရာ ရရှိခဲ့တယ်လို့ တရုတ်က စွပ်စွဲ လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တတိယအကြိမ်ဖြစ်ပါတယ်။

အင်ဒိုနီးရှားက နတ်တူနာကျွန်းတွေအနားက ရေပိုင်နက်ကို သူတို့ပိုင် အထူးသီးသန့် စီးပွားဇုန်အဖြစ် သတ်မှတ်ထားတာပါ။ တရုတ်က တော့ သူတို့တံငါတွေဟာ အဲဒီမှာ ဟိုရှေးယခင်ကာလထဲက ငါးဖမ်း လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုမင်းထက်က ပြောပြမှာပါ။