Rakhine protests
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 8 ဇူလိုင် 2016

ကုလသမဂ္ဂမှာရှိတဲ့ မြန်မာ အစိုးရရဲ့ကိုယ်စားလှယ်ကလည်း ရခိုင်ပြည်ပြဿနာဟာထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်း အစားရခိုင်ပြည်နယ်မှ မွတ်စလင်များလို့ခေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြို့တော်အတော်များများမှာ ရခိုင်ပြည်နယ်မှ မွတ်စလင်များ ဆိုတဲ့အသုံးအနှုန်း အပါအဝင် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ဒေသခံများဆိုတဲ့ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြလျက်ရှိပါတယ်။

ဒီတော့ အစိုးရသစ်လက်ထက် ရခိုင်အရေးကိုအဖြေရှာရာမှာ လူ့အဖွဲ့အစည်း၂ခုလုံးမှ လက်မခံတဲ့အသုံးအနှုန်းတွေကြောင့် ရခိုင်ပြဿနာဘယ်လိုဆက်လက်ကိုင်တွယ်ကြမလဲ ဒီအကြောင်း ဆွေးနွေးဖို့ ရခိုင်ပြည်နယ် မြောက်ဉီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဉီးလှစော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဌ ဉီးကျော်မင်း အာရှလူ့အခွင့်ရေး ကော်မရှင်မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဉီးမင်းလွင်ဉီးတို့ ပါဝင်ဆွေးနွေးထားပါတယ်။