သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - အစိုးရသစ် ရက် ၁၀၀ နားဆင်ပါ

  • 9 ဇူလိုင် 2016
Image caption ရန်ကုန်အတွက် မူဝါဒတွေ အောင်မြင်သလား ဆိုတာ သောတရှင်တွေ မေးခွန်းထုတ်

အစိုးရသစ် ရက် ၁၀၀ အထူး အစီအစဉ် ကို လွတ်လပ် အတွေးဆွေးနွေး ဖလှယ် အစီ အစဉ် ကနေ တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

အရပ်သား အစိုးရသစ် တက်လာတာ ရက်တရာ ပြည့်ခဲ့တဲ့ နောက် ပြည်သူတွေ မျှော်လင့်တဲ့ အပြောင်း အလဲတွေ လက်တွေ့ ဘယ်လောက် ခံစား နေရပြီလဲ။ ကောင်းတဲ့ ဘက်ကို ပိုပြီး ပြောင်းလဲ လာတာ တွေ့ရ ပြီလား။ ဒါမှမဟုတ် မျှော်လင့် ထား သလောက် မဆောင်ရွက် နိုင်သေး ဘူးလား။ စတာတွေကို သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ကလည်း ဆွေးနွေးခဲ့သလို၊ NLD ဦးဆောင်သူ တဦး ဖြစ်ခဲ့ ဖူးတဲ့ ဦးနိုင်းနိုင်း ကလည်း ပင်တိုင် ဆွေးနွေး ပေးခဲ့ ပါတယ်။

ဝင်ရောက်ဆွေးနွေးခဲ့သူ အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်။