nice attack
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိစ်အကြမ်းဖက်မှု ၀မ်းနည်းခြင်း(၃)ရက်သတ်မှတ်

  • 15 ဇူလိုင် 2016

ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုမှာ အခုဆိုရင် လူ ၈၄ဦးထက်မနည်းသေဆုံးခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း နိစ်ကမ်းခြေက နာမည်ကျော် ပရွန်နာ့ဒ် ဒေစ် အော်န်ဂလေး လမ်းမကြီးမှာ အမျိုးသားနေ့ပွဲတော်ကျင်းပအပြီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မီးရှူးမီးပန်းဖောက်ပြီး ထောင်နဲ့ချီတဲ့ လူတွေအိမ်အပြန်၊ ည ၁၁နာရီလောက်က ကုန်တင်ကားတစီးက လူသွားစင်္ကြန်ပေါ်တက်လာပြီး ၂ကီလိုမီတာလောက်အထိမြွေလိမ် မြွေကောက်မောင်းပြီး လူတွေကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကားမောင်းသမားကို ရဲက ပစ်သတ်ခဲ့ပါတယ်။

သမ္မတ ဖရွန်ဆွာ အော်လန်းဒ်ကလည်း အရင်က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို နောက်ထပ် ထပ်တိုးလိုက်ပါတယ်။

ဦးမင်းထက်က အပြည့်အစုံကို ဆက်ပြောပြပါလိမ့်မယ်။