သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စာပို့သမားတယောက်ရဲ့ အမေ့ခံ ပုံရိပ်

  • 16 ဇူလိုင် 2016

၁၈၅၄ ခုနှစ် ကတည်းက တည်ထောင်ခဲ့တဲ့ မြန်မာ နိုင်ငံက စာပို့စာဝေ လုပ်ငန်းတွေမှာ အခု အခါ ဌာနက ပေးထားတဲ့ စက်ဘီးတွေနဲ့ အဆင်မပြေလို့ ကိုယ်ငွေ ကိုယ်စိုက်ပြီး ၀ယ်ထားရတဲ့ စက်ဘီးတွေနဲ့ လည်ပတ် ရုန်းကန်နေရတဲ့ ဘ၀ ၊ ၁၉၈၅ လောက်ကတည်းက အလုပ်စ၀င်ခဲ့ပြီး အခုလို ပင်စင်သွားခါနီး အချိန်မှာ နေစရာ လိုင်းခန်းကနေ ဖယ်ရှားပေးရမယ့် ဘ၀ ၊ ပင်စင် ယူပြီး နောက်ပိုင်းမှာ နေဖို့အရေး တွေးပူနေရတဲ့ ဘ၀ အပြင် ခုနှစ်လွှာ ရှစ်လွှာ တိုက်မြင့်တွေပေါ် တက်ပြီး စာပို့ စာဝေ လုပ်ရတဲ့ စာပို့ သမားတွေရဲ့ အမေ့ခံ ပုံရိပ် ကို မစန္ဒာ၀င်းက တင်ဆက် ပေးထားပါတယ်။