trump
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်ကို လုံခြုံမှုရှိစေရမယ်လို့ ဒေါ်နယ်ထရမ့်ပ် ကတိပြု

  • 22 ဇူလိုင် 2016

အမေရိကန်မှာတော့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က တကယ်လို့ နိုဝင်ဘာရွေးကောက်ပွဲမှာ သူအရွေးခံရရင် လစ်လျူရှုခံထားရတဲ့ အမေရိကန်တွေကို ကိုယ်စားပြုမှာဖြစ်တယ်လို့ ရီပတ်ဘလီကန်ပါတီ ညီလာခံမှာ ပြောသွားပါတယ်။

သူက သမ္မတအိုဘားမားအုပ်ချုပ်တဲ့အစိုးရဟာ မြို့ကြီးတွေမှာ ရှိတဲ့ ဝင်ငွေနည်း မိသားစုတွေအတွက် ဘာမှ မလုပ်ဆောင်ပေး နိုင်ခဲ့ဘူးလို့ပြောပါတယ်။ ဒါ့အပြင့် မစ္စတာထရမ့်ပ်က သူ့ခေါင်းဆောင်မှုအောက်မှာ အမေရိကန်နိုင်ငံ လုံခြုံမှုရှိစေရမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ကိုအောင်သွင်က အပြည့်အစုံကို ပြောပြထားပါတယ်။