သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ဂိမ်းကစားသင့် မသင့် နားဆင်ပါ

  • 23 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP

ဂိမ်းဆော့တာနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။

ကမ္ဘာမှာ အခု ရေးပန်းစား နေတဲ့ ပေါ့ကီမွန်ဂိုး ဂိမ်း ဟာ လမ်းမှာ သွားရင်း လာရင်း ကစား ရတာ ဖြစ်တဲ့ အတွက် ထူးခြားလှတာကြောင့် လူကြီး လူငယ် မရွေး စွဲမက်နေကြ ပါတယ်။

Image caption ကွန်ပျူတာ နည်းပညာ သမား တဦး ဖြစ်တဲ့ ကိုဝေလင်းထွန်း

မြန်မာ ပြည်မှာ လည်း အခုလို ဂိမ်းတွေ ထွက်လာပြီ ဆိုရင် ကျယ်ကျယ် ပြန့်ပြန့် ကစား လာကြပါပြီ။

ဒီတော့ ဂိမ်းကစား တာကို အားပေး သင့်တယ်လို့ ထင်ပါသလား။ ဒီလို ကစားတာက ကလေးတွေ အတွက် အကျိုး ရှိတယ်လို့ မြင်ပါ သလား။ စတာတွေကို သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာပါ။

အင်္ဂလန်က ကလေး စိတ်ရောဂါကု သမားတော်ကြီး ဒေါက်တာ ဒေါ်နွဲ့နွဲ့ဝင်းက ပင်တိုင် ဆွေးနွေးခဲ့ သလို၊ ကွန်ပျူတာ နည်းပညာ သမား တဦး ဖြစ်တဲ့ က ကိုဝေလင်းထွန်း ကလည်း ရန်ကုန် စတူဒီယိုထဲ ကနေ ပါဝင် ဆွေးနွေး ပေးခဲ့ ပါတယ်။

ဝင်ရောက်ဆွေးနွေးခဲ့သူ အားလုံးကို အထူး ကျေးဇူးတင် ပါတယ်။