turkey media
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီမှာ လွတ်လပ်စွာပြောဆိုခွင့်အပေါ်စိုးရိမ်မှုရှိ

  • 28 ဇူလိုင် 2016

တူရကီနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ပတ်က မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုပြီးနောက် အာဏာပိုင်တွေက သတင်းဌာန ၁၃၀ကျော်ကို ပိတ်ပစ်ခဲ့ပါတယ်။

စာနယ်ဇင်းအများစုဟာ အာဏာသိမ်းမှုကို နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ အစိုးရကစွပ်စွဲနေတဲ့ အမေရိကန်အခြေစိုက် ဘာသာရေး ခေါင်းဆောင် ဖတ်တူလာ ဂူလင် ဆက်သွယ်မှုရှိတယ်လို့ စွပ်စွဲ ပြောဆိုထားတာဖြစ်ပါတယ်။

အဲဒီမတိုင်ခင်ကလည်း သတင်းထောက် အယောက် ၉၀ကို ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။ ကြာသပတေးနေ့မနက်က စစ်တပ်ပြန်လည်ဖွဲ့စည်းမှု နဲ့ပတ်သက်တဲ့ အစည်းအဝေးမတိုင်မီ ထိပ်တန်းအရာရှိ ကြီး၂ဦး ရာထူးကနှုတ်ထွက်ခဲ့တယ်လို့ သတင်းထွက်ပေါ်မှုတွေရှိပါတယ်။

အာဏာသိမ်းမှု ပြီးနောက်မှာလည်း လူထုက တူရကီက သရော်စာမဂ္ဂဇင်းတွေကို ဒေါသတကြီး တုန့်ပြန်ခဲ့ကြပါတယ်။ ဘီဘီစီက မဂ္ဂဇင်း အယ်ဒီတာ နဲ့တွေ့ဆုံတဲ့အခါမှာ နိုင်ငံအတွင်း လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။