turkey
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တူရကီအာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီးမှုတွေအကြောင်း

  • 29 ဇူလိုင် 2016

တူရကီမှာ လွန်ခဲ့တဲ့၂ပတ်က အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့အပေါ် အရေးယူမှုတရပ်အနေနဲ့ သတင်းထောက် ၂၁ယောက်ကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။

နောက်ထပ် အယောက်၂၀ကိုလည်း အာဏာပိုင်တွေက လိုက်လံရှာဖွေနေပြီး တချို့ကလည်း ပြည်ပကို ထွက်ပြေးခဲ့ကြပြီဖြစ်ပါတယ်။

အာဏာသိမ်းယူမှုမှာ နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ အစိုးရက စွပ်စွဲနေတဲ့ ပြည်ပရောက် ဘာသာရေးခေါင်းဆောင် ဖက်တူလာ ဂူလန် ရဲ့နောက်လိုက်တွေအဖြစ် သံသယရှိသူ ထောင်သောင်းချီကို ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

ကိုအောင်သွင်က ပြောပြထားပါတယ်။