သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် ပြည်နယ်တွေဘယ်လိုဖွဲ့မလဲ နားဆင်ပါ

  • 30 ဇူလိုင် 2016
Image caption ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ ဥက္ကဌ ဦးသုဝေ ဦးဆောင် ဆွေးနွေးခဲ့

နားဆင်နိုင်ပါပြီ။

၂၁ ရာစု ပင်လုံညီလာ ခံအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်က ဆွေးနွေးပွဲ ကနေ ဒေသ အလိုက် လူမျိုးစုကို အခြေခံပြီး အမျိုးသား ပြည်နယ်နဲ့ အမျိုးသားများ ပြည်နယ် မျိုး ဖွဲ့စည်းဖို့ ဆိုတဲ့ သဘောထား ထွက်ပေါ်လာ ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် လူမျိုး တခုတည်း မဟုတ်ပဲ လူမျိုး စုတွေ အများ အပြား ရှိကြတဲ့ ဧရာဝတီတိုင်းကို ဧရာဝတီ အမျိုးသားများ ပြည်နယ် သတ်မှတ်မယ့် ပုံစံမျိုး ဖြစ်ပါတယ်။

ဒီတော့ အဲဒီလို လူမျိုးစုကို အခြေခံမယ့် ပုံစံမျိုး ဖွဲ့စည်း မယ်ဆိုရင် လက်ခံနိုင် ပါသလား။ ဒါမှမဟုတ် ပထဝီကို အခြေခံတဲ့ လက်ရှိ တိုင်းနဲ့ ပြည်နယ် ၁၄ ခု အတိုင်း ဆက်ထား သင့်တယ်လို့ ထင်ပါသလား။ စတာတွေကို သောတရှင် တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာပါ။

ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ ဥက္ကဌ ဦးသုဝေ နဲ့ ရှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးစိုင်းမိန်း တို့က ပင်တိုင် ဆွေးနွေး ပေးခဲ့ပါတယ်။

၀င်ရောက်ဆွေးနွေး ခဲ့သူ အားလုံးကို အထူး ကျေးဇူး တင်ရှိပါတယ်။