rio olympic
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရီယိုဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှု

  • 5 ဩဂုတ် 2016

အိုလံပစ်ပြိုင်ပွဲတွေဟာ အားကစားလောကမှာ အကြီးအကျယ်ဆုံးအခမ်းအနားကြီးတခုဖြစ်သလို တိုင်းပြည်ကို ဝင်ငွေအများဆုံးရအောင်ဖန်တီးပေးနိုင်မယ့် အခမ်းအနားကြီးတခုလည်းဖြစ်ပါတယ်။

ရီယိုအိုလံပစ်ပွဲကြီးဟာ ဝင်ငွေအများဆုံးပြိုင်ပွဲအဖြစ် စံချိန်တင်မှာဖြစ်ပါတယ်။ အရင်အိုလံပစ်ပွဲတွေကိုကြည့်မယ်ဆိုရင် ၂၀၀၈ ဘေဂျင်းအိုလံပစ်ပွဲမှာ ရုပ်သံပြသခွင့်လိုင်စင် နဲ့ ကုမ္ပဏီကြီးတွေကရတဲ့စပွန်ဆာတွေ စုစုပေါင်းလိုက်ရင် ၅.၅ဘီလျံဒေါ်လာ ရှိပါတယ်။

၂၀၁၂လန်ဒန်အိုလံပစ်မှာတော့ ၈ဘီလျံဒေါ်လာရရှိခဲ့ပြီး အခုတကြိမ် ရီယို အိုလံပစ်မှာတော့ စုစုပေါင်း ၉.၃ဘီလျံအထိရဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ စီးပွားရေးကျဆင်းမှု အပြင်၊ ဇီကာရောဂါပြန့်ပွားမှုတွေလို အတားအဆီးတွေကြားက အခုလောက်ဝင်ငွေရဖို့ ခန့်မှန်းထားကြတာပါ။

အိုလံပစ် ဖွင့်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ ကိုမင်းထက်က ပြောပြထားပါတယ်။