သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ၈လေးလုံးမှာ ခံရသူတွေအတွက် ဘယ်လိုကုစားမလဲ

  • 6 ဩဂုတ် 2016
Image caption ဦးနိုင်းနိုင်းနဲ့ ဦးဝင်းကြူတို့ ရန်ကုန် စတူဒီယို ထဲကနေ ပါဝင် ဆွေးနွေးခဲ့

နားဆင်နိုင်ပါပြီ။

၈လေးလုံး လူထု အုံကြွမှုမှာ ခံခဲ့ရသူတွေ အတွက် ဘယ်လို ကုစားပေးနိုင်မလဲ ဆွေးနွေးခဲ့။

တောင်အာဖရိကက အသား အရောင် ခွဲခြား မှုကို တော်လှန်နေတဲ့ ကာလ တလျှောက် လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အတွက် နောင် ခေတ်ပြောင်း တဲ့ အခါမှာ ကျူးလွန်ခဲ့ သူတွေက ခံရသူတွေ အတွက် အသိအမှတ်ပြု ဝန်ခံ တောင်းပန်တဲ့ နည်းနဲ့ ကုစား ခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံမှာ ရော ၁၉၈၈ ခု ဒီမိုကရေစီရေး ၈ လေးလုံး လူထု အုံကြွမှု မှာ လူ့အခွင့် အရေး ချိုးဖောက် ခံရသူတွေ အတွက် ဘယ်လို နည်းမျိုးနဲ့ ကုစား ပေးသင့် တယ်ဆိုတဲ့ အကြောင်း သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ပင်တိုင်ဆွေးနွေး ပေးခဲ့သူတွေ ကတော့ လူ့အခွင့် အရေး ချိုးဖေါက် ခံရသူများ ဖေါ်ထုတ် မှတ်တမ်း တင်ရေး အဖွဲ့ ဥက္ကဌ ဦးနိုင်းနိုင်း နဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း လည်းဖြစ် ၁၉၈၈ ခုနှစ် တုန်းက တပ်မတော်မှာ ဗိုလ်ကြီး အဆင့် တာဝန် ယူခဲ့ ဖူးတဲ့ ဦးလှဆွေ တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ၈၈ တုန်းက ဒီမိုကရေစီရေး ဆန္ဒပြရင်း သေနတ်ကျည် ထိမှန်လို့ သေဆုံးခဲ့ရတဲ့ အလယ်တန်း ကျောင်းသူ မဝင်းမော်ဦးရဲ့ ဖခင် ဦးဝင်းကြူလည်း ရန်ကုန် စတူဒီယို ထဲကနေ ပါဝင် ဆွေးနွေးခဲ့ သလို၊ ၈ လေးလုံးမှာ တက်ကြွစွာ ပါဝင်ခဲ့သူ မန္တလေးက ကိုဇော်မင်းကလည်း လန်ဒန် စတူဒီယို ထဲကနေ ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။

ဝင်ရောက် ဆွေးနွေးခဲ့သူ အားလုံးကို ဘီဘီစီက အထူးကျေးဇူး တင်ရှိပါတယ်။