8888
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၈လေးလုံး အရေးတော်ပုံမှာ ပြည်သူတရပ်လုံး ပါဝင်ခဲ့

  • 8 ဩဂုတ် 2016

ဩဂုတ်လ ၈ ရက်နေ့ဟာ ၈ လေးလုံး လူထု အရေးတော်ပုံကြီး ရဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်က တစ်ပါတီ အာဏာရှင် စံနစ် ဖြုတ်ချရေးမှာ လူထု တစ်ရပ်လုံး ပါဝင် ခဲ့ကြတဲ့ ၈ လေးလုံး လူထု အုံကြွမှုကြီးဟာ ဒီနေ့ဆိုရင်၂၈ နှစ်တောင် ရှိခဲ့ပါပြီ။

၈ လေးလုံးအရေးတော်ပုံကြီးရဲ့ ၂၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို လည်း နိုင်ငံအနှံ့မှာ ကျင်းပခဲ့ကြသလို

ရန်ကုန် မြို့တော်ခမ်းမ အရှေ့က အထိမ်း အမှတ်ပွဲမှာလည်း ၈ လေးလုံး ကာလက ပါဝင်ခဲ့ကြသူတွေနဲ့ မျိုးဆက်သစ်တွေအောက်မေ့ပွဲတွေကျင်းပခဲ့ပါတယ်။

၈၈ အရေးတော်ပုံမှာ ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အဲဒီ အချိန်က လူထုတစ်ရပ်လုံး ပါဝင်ခဲ့ကြတာနဲ့ပတ်သက်လို့ ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။