allepo_syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အလက်ပိုမှာ တရက်၃နာရီ အပစ်ရပ်စဲ

  • 11 ဩဂုတ် 2016

ဆီးရီးဘက်ကသတင်းနဲ့စရရင် အလက်ပိုမြို့က တိုက်ပွဲတွေမှာ ကလိုရင်းအသုံးပြုတယ်ဆိုတဲ့ သတင်းတွေ အမှန်ဖြစ်ခဲ့ဆိုရင် ဒါဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂ ဆီးရီးယား အထူးသံတမန် Staffan de Mistura က ပြောပါတယ်။

တဖက်မှာလည်း လူသားချင်းစာနာမှု အထောက်အပံ့တွေ အလက်ပိုမြို့ထဲကို ဝင်ခွင့်ပြုဖို့ ရုရှားတပ်တွေတရက်ကို သုံးနာရီ ကြာအပစ်ရပ်ပေးမှာဖြစ်ပါတယ်။ မြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေအတွက်လည်း စားဝတ်နေရေး အခြေအနေပိုမိုခက်ခဲလာနေပါတယ်။

သူပုန်တပ်တွေနဲ့အတူ ဘီဘီစီက လိုက်ပါသွားရောက်သတင်းယူခဲ့ပြီး ကိုမင်းထက်က ပြန်လည်ပြောပြထားပါတယ်။