naga
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဝက်သက်ရောဂါဖြစ်ပွားနေဆဲ

  • 17 ဩဂုတ် 2016

ကလေးငယ်တွေမှာ ကူးစက်ရင် စိုးရိမ်စရာ ကောင်းတဲ့ ဝက်သက်ရောဂါ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။

ဝက်သက် ရောဂါဟာ အသက်ရှူ လမ်းကြောင်းကနေ ကူးစက်မြန်တဲ့ ရောဂါ တမျိုး ဖြစ်ပါတယ်။

ကာကွယ်ဆေး ထိုးမထားရသေးတဲ့ နေရာတွေမှာ လူနေ ထူထပ်မယ် ဆိုရင် ရောဂါ ဖြစ်ပွားလွယ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကာကွယ်ကုသမှုတွေက ထိရောက်ရဲ့လား ဆိုတာကိုတော့ ကိုဘိုဘိုက ပြောပြပေးမှာပါ။