libya
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လစ်ဗျားအစိုးရတပ်တွေ ဆီးရတ်ကနေ အိုက်အက်စ်တွေကို တိုက်ထုတ်

  • 29 ဩဂုတ် 2016

ယီမင်နိုင်ငံတောင်ပိုင်းက အီဒင်မြို့မှာ အစိုးရ လိုလားတဲ့ လက်နက်ကိုင်တွေနေထိုင်တဲ့ အိမ်ရာတခု တိုက်ခိုက်ခံခဲ့ရလို့ လူ ၅၀ ကျော်သေဆုံးခဲ့ရတယ်လို့အဲဒီက ဆရာဝန်တွေကပြောပါတယ်။

အစ္စလာမ်မစ်နိုင်ငံအဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့သလို အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှု တခုလည်းဖြစ်ပါတယ်။ ယီမင် ပြည်တွင်းစစ်ကို အသုံးချပြီး နိုင်ငံတောင်ပိုင်းအထိ သူတို့ရဲ့ ဩဇာသက်ရောက်လာအောင် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

အဲဒီလို အိုင်အက်စ်တွေ ယီမင်ထဲမှာ ခြေကုတ်ရဖို့ကြိုးစားလာနေချိန်မှာပဲ လစ်ဗျားထဲက ဆီးရတ့်မြို့မှာတော့ သူတို့တွေကို ရှင်းထုတ်နေကြပါပြီ။ ဘီဘီစီ သတင်းထောက် ဖာရပ်စ် ကီလာနီရဲ့ သတင်းကို မမေစန္ဒီက ပြောပြမှာပါ။