သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ပင်လုံမှသည် ငြိမ်းချမ်းရေး နားဆင်ပါ

  • 3 စက်တင်ဘာ 2016
Image caption အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘာတွေကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်မလဲ

နားဆင်နိုင်ပါပြီ။

ဒီမိုကရေစီ အရပ်သား အစိုးရသစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကို ကျင်းပ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိ နိုင်ဖို့ အတွက် ပထမ ခြေလှမ်းအနေနဲ့ အစိုးရ သစ်ကနေ အခုလို ကျင်းပပြီးတဲ့ နောက်၊ ရှေ့လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် နိုင်ဖို့ အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘာတွေကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်မလဲ။

သောတရှင်တို့ ကိုယ်တိုင် ကိုယ့်ရဲ့ အတွေး အမြင်တွေကို လွတ်လွတ် လပ်လပ် ပါဝင်ဆွေးနွေး ခဲ့ကြတာပါ။

ပင်တိုင် ဆွေးနွေး ခဲ့သူတွေ ကတော့ ၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေး ကော်မတီ အတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က စိုင်းကျော်ညွန့် နဲ့ Myanmar Cultural Research Society အဖွဲ့က ကိုဖြိုးဝင်းလတ် တို့ ဖြစ်ကြ ပါတယ်။

ဝင်ရောက် ဆွေးနွေးခဲ့သူ အားလုံးကို အထူး ကျေးဇူး တင်ပါတယ်။