syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားမှာ အစိုးရတပ်တွေက ကလိုရင်းနဲ့တိုက်ခိုက်လို့ဆို

  • 7 စက်တင်ဘာ 2016

ဆီးရီးယား က ၅ နှစ်ကြာ ပြည်တွင်းစစ်အဆုံးသတ်နိုင်ဖို့အတွက် အဆင့် ၃ ဆင့်ပါတဲ့ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေးအဆိုတခု ကို အတိုက်အခံတွေဘက်က အဆိုတင်သွင်းခဲ့ပါတယ်။

ဒါပေမယ့် ဆီးရီးယား ဒုနိုင်ငံခြားရေး ၀န်ကြီး ဖိုင်ဆဲလ် မက်ခ်ဒက်ကတော့ သမ္မတာ ဘာရှာအဲလ်အာဆတ်ဒ်ရဲ့ အခန်းကဏ္ဍ မပါဘဲ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

လန်ဒန်မြို့မှာကျင်းပတဲ့ အထူးညီလာခံမှာ အနောက်နိုင်ငံတွေ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေနဲ့တူရကီက နိုင်ငံခြားရေး ၀န်ကြီးတွေ တွေ့ဆုံပြီး အဲဒီက အကြမ်းဖက်တိုက်ခိုက်နေမှုတွေ ကိုရပ်ဆိုင်းဖို့အတွက်နည်းလမ်းတွေရှာနေကြပါတယ်။

တချိန်ထဲမှာပဲ သူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေကအစိုးရတပ်တွေက ရဟတ်ယာဉ်တွေက နေပြီး ကလိုရင်းဓာတ်ငွေ့ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့ကြတယ်လို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။ ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပုံရိပ်တွေ ပါလာနိုင်ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။