သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - နိုင်ငံနာမည် ပြောင်းသင့်လား - နားဆင်ပါ

  • 10 စက်တင်ဘာ 2016

နားဆင်နိုင်ပါပြီ။

Image caption မြန်မာနိုင်ငံ ဖြစ်စေ ဗမာနိုင်ငံ ဖြစ်စေ တိုင်းရင်းသား အားလုံးကို ကိုယ်စား မပြု

မြန်မာနိုင်ငံကို နာမည် ပြောင်းသင့် မပြောင်းသင့် ဆွေးနွေး ခဲ့ကြတာပါ။

ပြည်ထောင်စု မြန်မာ နိုင်ငံကို မြန်မာ နိုင်ငံ ဖြစ်စေ ဗမာ နိုင်ငံ ဖြစ်စေ ခေါ်ဆိုတာဟာ တိုင်းရင်းသား အားလုံးကို ကိုယ်စား မပြုပဲ ဗမာ တိုင်းရင်းသား တခု တည်းကိုသာ ရည်ညွှန်းတဲ့ အတွက် တိုင်းရင်းသား အားလုံးကို ကိုယ်စား ပြုနိုင်မယ့် နာမည် တခုကို ဆွေးနွေး သတ်မှတ် သင့်တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ မှာ တင်ပြခဲ့ ပါတယ်။

Image caption နိုင်ငံအမည်ပြောင်းရင် ပြည်နယ်အမည်တွေလည်း ပြောင်းဖို့ စဉ်းစားရမယ်

ဒီတော့ ဖက်ဒရယ် ပုံစံ သွားမယ့် နိုင်ငံတော်သစ် အတွက် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြု နိုင်မယ့် နိုင်ငံ နာမည် အသစ် တခု ပေးသင့် သလား၊ ဒါမှဟုတ် အခု လက်ရှိ မြန်မာ နာမည် ကိုပဲ ဆက်လက် ခေါ်ဆို သင့်သလား ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ကိုယ့်ရဲ့ အမြင် တွေကို ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

အဓိက ဦးဆောင် ဆွေးနွေးခဲ့ သူတွေကတော့ ဦးနိုင်ဟံသာ - UNFC ဒုတိယ ဥက္ကဌ (၁)၊ ဦးရဲထွဋ် - ပြန်ကြားရေး ဝန်ကြီးဟောင်း နဲ့ ဦးနီတွတ် - သမိုင်း ပါမောက္ခဟောင်း တို့ ဖြစ်ကြပါတယ်။

ပါဝင်ဆွေးနွေးသူ အားလုံးကို ဘီဘီစီက အထူး ကျေးဇူး တင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ