US Burma
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 14 စက်တင်ဘာ 2016

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း သမ္မတအိုဘားမား ကွန်ဂရက်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့မှုဆန်ရှင် ကိစ္စလည်း ပြောကြ ဆိုကြပါတယ်။

ဒီလိုဆန်ရှင်တွေကို ဘယ်အတိုင်းအတာ အထိ ရုတ်သိမ်းမလဲလို့ ဆွေးနွေးကြတဲ့အခါ ကချင် အလိုင်းရင့်အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ စစ်တပ်ကိုဆက်ဖိအားပေးဖို့ ဆန်ရှင်တွေကိုထားဖို့ လိုအုံးမယ်လို့ တောင်းဆိုနေကြပါတယ်။

အမေရိကန်ပိတ်ဆို့အရေးယူမှုတွေက မြန်မာစစ်တပ်နဲ့ သူ့အသိုင်းအဝိုင်းကို ဖိအားပေးနိုင်သလား မပေးနိုင်ဘူးလား ဒီအကြောင်း ဝါရှင်တန်အခြေစိုက် ကချင်အလိုင်းရင့် အဖွဲ့ဥက္ကဌ ဂွန်ဆန် အမေရိကန်ရောက် ၉၀ပြည့်ရွေးကောက်ပွဲ အင်အယ်ဒီအမတ်ဟောင်းဒေါက်တာတင့်ဆွေနဲ့ စန္ဒာနီလာကုပ္မဏီမှ မန်းနင်းဂျင်း ဒါရိုက်တာ မသီရိသန့်မွန်တို့ပါဝင်ဆွေးနွေးထားပါတယ်။