syria aid
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အလက်ပိုမှာ ဗုံးခွဲသံတွေ တခါပြန်ကြားရ

  • 20 စက်တင်ဘာ 2016

ဆီးရီးယား က အကူအညီပေးရေးယာဉ်တန်းကို တိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်ကြောင်းနဲ့ လုပ်တဲ့သူတွေ တာဝန်ခံဖို့လိုတယ်လို့ မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က အလက်ပိုမြို့အနီးမှာ လူသားချင်းစာနာမှု အကူအညီပေးရေးယာဉ်တန်း လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပါတယ်။ ကုန်တင်ကား ၁၈စီး ထိမှန်ပြီး အကူအညီပေးရေးဝန်ထမ်းတွေအပါအဝင် လူ၁၂ယောက်သေဆုံးခဲ့ပါတယ်။ ဆီးရီးယား အပစ်ရပ်ရေးသဘောတူညီမှုလည်း ပျက်ပြယ်တဲ့ သဘောမှာ ရှိနေပါတယ်။

ကိုရင်မောင်က ပြောပြထားပါတယ်။