yemen children
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်မှာ အငတ်ဘေးနဲ့ကြုံတွေ့

  • 21 စက်တင်ဘာ 2016

ယီမင်မှာ ကာလတန်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် နိုင်ငံတွင်း ပြည်သူတွေအငတ်ဘေးအန္တရယ်နဲ့ ရင်ဆိုင်နေရပါတယ်။

အစိုးရကို သူပုန်တပ်တွေက ဖြုတ်ချခဲ့ပြီးနောက် ဆော်ဒီဦးဆောင်ပြီး ပြည်တွင်းနဲ့ အနောက်နိုင်ငံတပ်တွေ ပါဝင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ သူပုန်တွေကို တိုက်ထုတ်ဖို့ ဆက်လက်ဗုံးကျဲတိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။

၁နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း ကလေးသူငယ်အများစုပါဝင်တဲ့ လူ၂သန်းလောက် ဟာ အငတ်ဘေးအန္တရယ် ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။

အဲဒီကအခြေအနေကို မရီရီအောင်က ပြောပြမှာပါ။

ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်နိုင်စရာ ပုံတွေပါတဲ့အကြောင်း ကြိုပြီး အသိပေးအပ်ပါတယ်။